Friday, January 4, 2013

ဟိန္ဒူဘာသာနှင့်အခြေခံယုံကြည့်ချက်

ဟိန္ဒူဘာသာနှင့်အခြေခံယုံကြည့်ချက်

တည်ထောင်သူ -.... ? ......

စတင်ပေါ်ပေါက်ချိန် -ခရစ်မပေါ်မီနှစ် ၁၅၀၀ ခန့် 

စတင်ပေါ်ပေါက်ရာဋ္ဌာန - အိန္ဒိယပြည်

ဘာသာ၏ အထွဋ်အထိပ် ပုဂ္ဂိုလ် - ဗြဟ္မာ၊ ဗိဿနိုး ၊ သိဝ

ပဓနကျမ်းဂန် -ဝေဒကျမ်းများ ၊ဥပနိသျှဒ်ကျမ်းများ..ရာမာယန၊ မဟာဘာရတ ၊ ဘဂ၀ဒ်ဂီတ

အခြေခံယုံကြည်ချက်များ

ကမ္ဘာလောကနှင့်သတ္တ၀ါများကို ဗြဟ္မာကဖန်ဆင်းသည်။ဗိဿနိုး က စောင့်ရှောက်ထိန်းသိမ်းသည်။
သိဝကဖျက်ဆီးသည်။ ဗြဟ္မာကြီး၏ကြင်ယာတော်က သူရဿတီ ၊ဗိဿနိုး၏ကြင်ယာတော်က လက္ချမီး၊
သိဝ၏ကြင်ယာတော်က ပဗ္ဗတီ အသီးသီး ဖြစ်ကြသည်။

ဗြဟ္မာ ဆိုသည်မှာ ပရမအတ္တပင် ။ ပရမအတ္တ သည် ကမ္ဘာလောကနှင့် သတ္တ၀ါများကို ဖန်ဆင်းသည် ။
ထိုကြောင့် အတ္တသည်အရာတိုင်းတွင်ပျံ့ နှံ့ လျက် တည်ရှိ၏ ။လောကသည် အတ္တ၊လောကသည်
ဗြဟ္မာ၊သတ္တ၀ါသည်အတ္တ၊ သတ္တ၀ါသည် ဗြဟ္မာ၊ သင်သည် အတ္တဖြစ်၏ သင်သည်ဗြဟ္မာဖြစ်၏
ဖန်ဆင်းရှင် အတ္တကို ပရမအတ္တ၊ သတ္တ၀ါတို့ သန္တာန်၌ တည်သော အတ္တကို ဇီဝအတ္တ ဟုခွဲခြားရ၏ ။ 
(မြန်မာ လူမျိုးတို့ က အသက်၊၀ိညာဉ် ဟု ခေါ်သောအရာကို ဟိန္ဒူက ဇီဝအတ္တ ဟု ခေါ်ခြင်းပင်ဖြစ်သည်။


အတ္တသည် အမြတ်ဆုံးဖြစ်၏ ။ မပျက်မစီး အမြဲတည်၏ သတ္တ၀ါသေသော်လည်း အတ္တက မပျက်စီးဘဲ
သေသောသတ္တ၀ါ၏ခန္ဓာကိုယ်မှ ထွက်ခွာ၍ နောက်ခန္ဓာကိုယ်တစ်ခုထဲသို့  ကူးပြောင်းတည်နေကာ
နောက်တစ်ဘ၀ စခန်းသွား၏ ဤနည်းဖြင့် တစ်ဘ၀ပြီး တစ်ဘ၀ ကူးပြောင်းကာ အတ္တသည်
သံသရာလည်နေ၏ ။

ယင်းသို့ သံသရာလည်နေခြင်းမှာ အတ္တကို လောဘ စသော ကိလေသာ အညစ်ကြေး တွေ ကပ်ငြိနေ၍
ကုသိုလ်ကံ အကုသိုလ်ကံ တွေကို ပြုနေသောကြောင့် ဖြစ်၏။ထို ကုသိုလ်ကံ အကုသိုလ်ကံတို့ ၏
အကျိုးကို နောက်ဘ၀၌ အတ္တကပင်ခံစား၏ ။

အတ္တမှ ကိလေသာ အညစ်အကြေးတွေစင်ကြယ်သွားစေရန် ဂင်္ဂါ မြစ်အတွင်း၌ေ၇ချိုးရ၏ ။ 
ဂင်္ဂါမြစ်သည်ဟိမ၀န္တာကေလာသတောင်ထိပ်တွင် တရားထိုင်နေသော သိဝ နတ်မင်းကြီး၏ ဆံထုံးမှစ၍စီးဆင်းလာသောကြောင့် မြတ်သောမြစ်ဖြစ်၏ ထို့ ကြောင့် ဂင်္ဂါမြစ်၌ရေချိုးလျှင် ကိလေသာ စင်ကြယ်၏။

ယောဂခေါ်သည့် သမထ အလုပ်ကို အားထုပ်ခြင်းဖြင့်လည်း ကိလေသာကိုစင်ကြယ်စေ၏ ။ ယောဂ
အကျင့်၏ စွမ်းအားဖြင့် အတ္တမှ ကိလေသာတွေစင်ကြယ်သွားသောအခါ အတ္တသည် ဖြူစင်တောက်
ပြောင်လာပြီးလျှင် ကုသိုလ်ကံ အကုသိုလ်ကံတွေကို ပြုတော့သဖြင့် သံသရာမှ လွတ်မြောက်၍
ပရမအတ္တ နှင့်ပြန်လည်ပေါင်းဆုံကာ မောက္ခ(နိဗ္ဗာန်)ကိုရသွား၏ ။

0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ။ကွန်မင့်ရေးသားထားခဲ့ ဖို့ မေတ္တာရပ်ခံပါတယ်

အရှင်ယဿ(လယ်တီ)