Monday, January 6, 2014

တရားထိုင်ရန်နှင့်ပရိကံဆိုပုံ

သင့်ဘ၀ပြီးပြည့်စုံစေမည်
သင်သည်ကမ္ဘာအချမ်းဆုံးပုဂ္ဂိုလ်ဖြစ်ပါစေ၊
ဘ၀ပြည့်စုံမူမရှိသေးပါ၊
ဝိပဿနာတရားအားထုပြီး အပါယ်ဘေးငြိမ်းခွင့်
ဥာဏ်အဆင့်အသင့်ရောက်မှသာ
သင့်ဘ၀ပြီးပြည့်စုံသူဟု ခေါ်ဆိုပါသည်။
သင့်ဘ၀ပြီးပြည့်စုံစေရန် လယ်တီရိပ်သာတွင်
နည်းပညာအစုံရှိပါသည်။

တရားထိုင်ရန်နှင့်ပရိကံဆိုပုံ
၁။ဘုရားရှင်အနန္တနှင့် အရိယာအပေါင်းတို့အား၎င်း၊
အနန္တောအနန္တငါးပါးတို့အား ကာယကံမူ ၀စီကံ၊မနောကံမူတို့ဖြင့် ယခုဘ၀နှင့် ဘ၀ဆက်
ဆက်တို့က ပြစ်မှားကျူးလွန်မိပါက ခွင့်လွတ်သေးခံပါရန်
ဝန်ချတောင်းပန်ပါ၏။
၂။ဘုရားတပည်တော်တို့အပေါ်၌ ပြစ်မှားမိသူအပေါင်းတို့အားလည်း
ခွင့်လွတ်သေးခံပါကုန်ပါ၏။
၃။ယခုတရားအားထုတ်ဆဲအခါ၌ မြတ်စွာဘုရားအား ရုပ်နာမ်ကို ပေးလှူပါ၏။
၎။အရိယာသူတော်ကောင်းများတွေ့မြင်ရသလို မဂ်ဥာဏ်၊ဖိုလ်ဥာဏ်ကို အမြင်ဆုံတွေ့မြင်ရပါလို၏။
၅။(က)မြတ်စွာဘုရားရှင်သည် ၀ါသနာနင့်တကွ ကိလေသာအညစ်အကြေးတို့မှ
အလွန့်အလွန်စင်ကြယ်တော်ပါပေ၏။
(ခ)အားလံးသတ္တ၀ါဘေးရန်ကွာ ချမ်းသာကိုယ်စိတ်မဲပါစေ။
(ဂ)ငါ၏ကိုယ်မှာ ဆံပင်၊မွှေးညင်း၊လက်သည်း၊ခြေသည်း၊သွား၊အရေအစရှိသည်တို့သည်
ရနံ့ဆိုး၍ အသိုးအပုတ်တွေချည်းပါတကား။
(ဃ)ငါသည်မကြာခင်သေရလိမ်မည် သေခြင်းသည်မြဲ၏ မသေဘဲ အသက်ရှင်လျက်နေရခြင်းကား မမြဲပါချေ။

ရှုမှတ်ပုံအစီအစဉ်
၁။တင်ပလ္လင်ခွေကာ။ထိုင်နေပါ၊ကိုယ်မှာဖြောင့်ဖြောင့်ထား၊
၂။မလူပ်ဣနြေ္ဒ၊ငြိမ်ငြိမ်နေ၊စိတ်တွေမလွင့်ပါ၊
၃။မျက်စိမှိတ်ကာ၊ခေါင်းတည့်ကာ၊နှာသီးဖြားမှာ၊စိတ်ကိုထား၊
၎။ထွက်တာဝင်တာ၊စူးစိုက်ခါ၊မှတ်ပါယောဂီများ။
၅။ပေါ်ရာပေါ်ရာ၊စူးစိုက်ခါ၊မှတ်ပါယောဂီများ။
၆။ရူမှတ်ရင်းပင်၊နိဗာန်ဝင်၊ပြေးဝင်ဆိုက်ရောက်သွား။





Posted via Blogaway

0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ။ကွန်မင့်ရေးသားထားခဲ့ ဖို့ မေတ္တာရပ်ခံပါတယ်

အရှင်ယဿ(လယ်တီ)