Friday, January 4, 2013

ခရစ်ယာန်ဘာသာနှင့်အခြေခံယုံကြည်ချက်

ခရစ်ယာန်ဘာသာနှင့်အခြေခံယုံကြည်ချက်


တည်ထောင်သူ..................ဂျူးလူမျိုး၊ယေရှုခရစ်တော်။

မွေးဖွားသည့်နှစ်................ဘီစီ ၄ ခန့် ။

တည်ထောင်သည့်နှစ်........သက်တော် ၃၀ (အေဒီ ၂၇ ခန့် )။

ကွယ်လွန်သည့်နှစ်...........သက်တော် ၃၃ (အေဒီ ၃၀ခန့် )။

စတင်ပေါ်ပေါက်ရာဌာန......ပါလက်စတိုင်းပြည်။

ဘာသာ၏အထွတ်အထိပ်ပုဂ္ဂိုလ်..ထာဝရဘုရားသခင်။

ပဓာနကျမ်းဂန်................သမ္မာကျမ်းစာ (ဓမ္မဟောင်း နှင့်ဓမ္မသစ်)။

အခြေခံယုံကြည့်ချက်များ

ကမ္ဘာလောကကြီး နှင့်တကွ သတ္တ၀ါများကို ထာဝရဘုရားသခင်က ဖန်ဆင်းသည်။ထာဝရဘုရားသခင်
သည် တစ်ဆူတည်းသော ဘုရားဖြစ်သည်။ ခမည်းတော်ဘုရား၊သားတော် ယေရှုခရစ် ဘုရားအပြင်
သန့် ရှင်းသော ၀ိညာဉ်တော်ဘုရား၊ ရှိသည်ဟု ယုံကြည်ကြသည်။ 
ခမည်းတော်၊သားတော်နှင့် သန့် ရှင်းသော ၀ိညာဉ်တော် သုံးပါးစလုံးသည် တစ်ဆူတည်းသော ထာဝရဘုရားသခင် ဖြစ်သည်ဟုခံယူကြသည်။


ခရစ်တော်သည် လက်ဝါးကပ်တိုင် ၌ အသေသတ်ခြင်းကိုခံတော်မူပြီးနောက် ၃ရက်မြောက်သောနေ့ ၌
ရှင်ပြန်ထမြောက်တော်မူသည်။

ကောင်းမှုမှန်သမျှ လိုက်လံ နှောက်ယှက်သော စတန်မာရ်နတ်ရှိသည်။ တရားဆုံးဖြတ်သောနေ့ တွင်
ဘုရားသခင်က အပြစ်ရှိသူများကို ငရဲခံစေပြီးလျှင် အပြစ်ကင်းသူများကို ကောင်းကင်ဘုံ ချမ်းသာသို့ 
ဝင်စားစေမည်ဟု ယုံကြည်ကြသည်။

0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ။ကွန်မင့်ရေးသားထားခဲ့ ဖို့ မေတ္တာရပ်ခံပါတယ်

အရှင်ယဿ(လယ်တီ)