Friday, January 4, 2013

ဟိန္ဒူဘာသာပေါ်ပေါက်လာပုံအကျဉ်း

ဟိန္ဒူဘာသာပေါ်ပေါက်လာပုံအကျဉ်း

ဟိန္ဒူဘာသာကို မည်သည့်အချိန်က စတင်ပေါ်ပေါက်လာသည်ဟုပြောရန်မလွယ်ကူပေ။
အဘယ်ကြောင့်ဆိုသော်ယင်းဘာသာ အခြေခံရာဖြစ်သည့် ဣရုဝေဒ(ရိဂ်ဝေဒေ)၊ယဇုဝေဒ၊သာမဝေဒ၊
အာထဗ္ဗဏဝေဒ ဟူသောဝေဒကျမ်းဂန်တို့ ပေါ်ထွန်းရာခောတ်ကို တိကျစွာ သတ်မှတ်ဖို့ 
ခဲယဉ်းသောကြောင့်ပင်။ ထိုကျမ်းတို့ ၏ခေတ်ကို အစောဆုံး ခရစ်မပေါ်မီ(ဘီစီ)နှစ် ၆၀၀၀ မှ နောက်အကျဆုံး
နှစ် ၇၀၀ အထိ ခန့် မှန်းကြ၏။သို့ သော် ခရစ်မပေါ်မီ နှစ် ၁၅၀၀ ခန့် ဟု ခန့် မှန်းသူပညာရှင်များက အများစုဖြစ်၏။


ထိုခန့် မှန်းချက်ကို အတည်ပြုလျှင် ဟိန္ဒူဘာသာ၏ သက်တမ်းသည် ခရစ်မပေါ်မီ(ဘီစီ) နှစ်ပေါင်း ၁၅၀၀၊ ခရစ်ပေါ်ပြီးနောက်(အေဒီ) နှစ်ပေါင်း ၂၀၁၀၊ နှစ်ရပ်ပေါင်းလျှင် ၃၅၁၀နှစ်ကြာခဲ့ပြီဟုဆိုရပေလိမ့်မည်။
 မှတ်ချက်။  ၊(ဤဆောင်းပါးကို 2010 နစ်တွင်post တင်သည်။)

ဟိန္ဒူဘာသာသည်(ဘီစီ) ၁၅၀၀ ခန့် တွင် အာရှတိုက် အလယ်ပိုင်းမှ ရွှေ့ ပြောင်းလာ၍ အိန္ဒိယပြည် အရှေ့ 
မြောက်ပိုင်း၌ ၀င်ရောက်နေထိုင်သော အရိယန် လူမျိုးတို့ ၏ ဝေဒကျမ်း၌ အခြေခံသည်ဟု ယုံကြည်ကြ၏
ထိုဝေဒကျမ်းများကို ရေးသား သူကား မထင်ရှားပေ။ အချို့  ဟိန္ဒူများ၊ ဗြဟ္မာများက ဝေဒကျမ်းများသည်
လူသားတစ်ဦးဦး၏ လက်ရာမဟုတ်၊ ဖန်ဆင်းရှင် မဟာဗြဟ္မာ၏တန်ခိုးကြောင့်ဖြစ်ပေါ်လာသောကျမ်းများ
ဖြစ်ကြောင်းယုံကြည်ကြ၏။......

0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ။ကွန်မင့်ရေးသားထားခဲ့ ဖို့ မေတ္တာရပ်ခံပါတယ်

အရှင်ယဿ(လယ်တီ)