Monday, January 6, 2014

ကျောင်းတိုက်စည်းကမ်း

           လယ်တီရိပ်သာကျောင်းတိုက် ၊ဗုဒ္ဓတရားတော်နှင့်     ၀ိပဿနာလုပ်ငန်းစဉ်ပြန့်ပွါးရေး ဋ္ဌာန ၏  တနေ့တာလုပ်ငန်း၊  ရဟန်း၊သာမဏေများ ဆောင်ရွက်လိုက်နာကြရမည့်တာဝန်များ
၁။နံနက်(၅း၀၀)နာရီအိပ်ရာမှန်မှန်ထကြရပါမည်။(ဆွမ်းခံရှိလျင်(၄း၀၀)ထကြရမည်။)
၂။(၅း၁၅)အချိန်တွင်သိမ်အတွင်း၌ဒေသနာကြားခြင်း၊အနေကဇာတင်ခြင်း၊ကိစ္စတို့ကို
    ဆောင်ရွက်ကြရမည်။
၃။နံနက်(၆း၀၀)မှ(၇း၀၀)အချိန်အတွင်း ကျောင်းသန့်ရှင်းရေးကိုမိမိတို့အသိဖြင့်ဆောင်ရွက်ကြရပါမည်။
၎။နံနက်(၇း၀၀)မှ(၈း၀၀)အတွင်း စာကျောင်း၊စာဝါ တက်ကြရပါမည်။
၅။နံနက်(၈း၀၀)တွင်ရေချိုးပြီး(၈း၀၀)မှ(၉း၀၀)တို့တွင်ဆွမ်းခံမှန်မှန်ကြွကြရပါမည်။
၆။နံနက်(၁၁း၃၀)တွင်ဆွမ်းစားပြီးအနားယူကြရပါမည်။
၇။နေ့လည်(၁း၀၀)တွင်စာအံလုပ်ငန်းနှင့် ပဋိပတ်ကျင့်သူများ တရားထိုင်ရမည်။
၈။နေ့လည်(၃း၀၀)တွင်စာဝါရှိပါက စာဝါတက်ပြီး လိုအပ်သည်များကိုကြည့်ရူ့ကြရပါမည်။
   စာဝါ စာကျောင်းပျက်ကွက်ပါက ဒဏ်ထမ်းဆောင်ရပါမည်။
၉။ညနေ(၄း၀၀)တွင်သန့်ရှင်းရေးတာဝန်ခံ ပုဂ္ဂိုလ်များနှင့် အုပ်စုလိုက် သန့်ရှင်းရေးဆောင်ရွက်ကြရပါမည်။
၁၀။ဘုရားဝတ်တက်၊စာဝါတက်၊တရားထိုင်၊ဆွမ်းခံချိန်များတွင် သင်္ကန်းများကို တရိုတသေ၀တ်ရုံခြင်း၊
     အနေကထိုင်ယူလာခြင်း၊စကားတိုးတိုးပြောခြင်း၊စသည်များကိုလိုက်နာကြရပါမည်။
၁၁။ည(၉း၀၀)အချိန်တွင်အော်ကျယ်ကျယ်ပြောဆိုခြင်းလုံးဝ မပြုရ။
၁၂။အဖိတ်နေ့ညနေနှင့် ဥပုသ်နေ့မှသာ TVကြည့်ခွင့်ပြုမည်။
မှတ်ချက်။  ။ဆရာတော်မှ အချိန်အားလျော်စွာ ညွန်ကြားသည်များကိုလည်း လိုက်နာဆောင်ရွက်ကြရပါမည်။


Posted via Blogaway

0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ။ကွန်မင့်ရေးသားထားခဲ့ ဖို့ မေတ္တာရပ်ခံပါတယ်

အရှင်ယဿ(လယ်တီ)