Friday, August 15, 2014

ဝေဠုဝန်နိကာယ မူလပဘ၀ ဂဏ ပါမောက္ခ ဂူကိုးလုံးတောရ ဆရာတော်ဘုရားကြီး

ဝေဠုဝန်နိကာယ မူလပဘ၀ ဂဏ ပါမောက္ခ ဂူကိုးလုံးတောရ ဆရာတော်ဘုရားကြီး

ဝေဠုဝန်ဂိုဏ်း၏ ပထမဆရာတော်ကြီး ဖြစ်တော်မူသော ဘဒ္ဒန္တနန္ဒိယသည် ဟင်္သာတခရိုင် မြန်အောင်မြို့နယ် (ယခု တဲကြီးကုန်းဘူတာ၏ အရှေ့တောင်ထောင့်ရှိ) ဂျင်ခါးကုန်း ဇာတိ ဖြစ်သည်။ ၁၁၉၇-ခုနှစ်တွင် ဖွားမြင်တော်မူခဲ့သည်။ ခမည်းတော် ဦးမှုံ+မယ်တော် ဒေါ်ပျောင်းတို့ ဖြစ်ကြသည်။

၁၂၁၇-ခုနှစ် မင်းတုန်းမင်း၏ နန်းစံ ၃-နှစ်မြောက်တွင် ဒုတိယဗားကရာ သာသနာပိုင် ဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ်သို့ ရောက်ရှိသည်။

ဒုတိယဗားကရာ သာသနာပိုင် ဆရာတော်ဘုရားကြီး၊ သင်္ဂဇာဆရာတော်ဘုရားကြီး၊ ပထမရွှေကျင်ဆရာတော်ဘုရားကြီး-တို့ထံတွင် ပရိယတ္တိစာပေများကို သင်ယူခဲ့သည်။ သီးလုံးတောရဆရာတော် ဘုရားကြီးထံတွင် ပဋိပတ်ကျင့်စဉ်ကို နည်းခံ အားထုတ်တော်မူခဲ့သည်။ ထို့နောက် အောက်ပြည်အောက်ရွာသို့ ပြန်ကြွတော်မူခဲ့သည်။

မြန်အောင်မြို့ အနောက်တောင်အရပ်၌ ဂူကိုးလုံးတောရ စာသင်တိုက်ကို တည်ထောင်တော်မူ၍ သာသနာပြုတော်မူကာ ဆရာတော်အကျော်အမော်များကို မွေးထုတ်ခဲ့သည်။
ဆရာတော်ဘုရားကြီးသည် ၁၂၆၈-ခုနှစ် သက်တော် ၇၂-နှစ်အရွယ်တွင် ပျံလွန်တော်မူခဲ့သည်။

Posted via Blogaway


Posted via Blogaway

0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ။ကွန်မင့်ရေးသားထားခဲ့ ဖို့ မေတ္တာရပ်ခံပါတယ်

အရှင်ယဿ(လယ်တီ)