Friday, August 15, 2014

မဟာစည် သာသနာ့ရိပ်သာ ပဓာနနာယက သြ၀ါဒါစရိယ (၁) အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဆရာတော်ကြီး ဦးသံဝရ

မဟာစည် သာသနာ့ရိပ်သာ ပဓာနနာယက သြ၀ါဒါစရိယ (၁) အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဆရာတော်ကြီး ဦးသံဝရ

ဆရာတြော်ကီး ဦးသံဝရသည် ရွှေဘိုခရိုင် ၀က်လက်မြို့နယ် အင်းကြင်းပင်ရွာဇာတိ ဖြစ်သည်။ ဦးဘိုးဆိုင်+ဒေါ်အေးရင်တို့၏ သားရတနာဖြစ်သည်။ ၁၂၈၂-ခုနှစ် တန်ဆောင်မုန်းလဆုတ် ၈-ရက် သောကြာနေ့တွင် ဖွားမြင်ခဲ့သည်။

၁၂၉၆-ခုနှစ်တွင် ရှင်သာမဏေပြု၍ အခြေခံပရိယတ္တိစာပေများကို သင်ယူသည်။ ၁၃၀၂-ခုနှစ်တွင် ရဟန်းပြုသည်။ မန္တလေး, ပြည်, ရန်ကုန်ရှိ ထင်ရှားသော ဆရာတော်ကြီး များထံတွင် ပိဋကတ်စာပေများကို သင်ယူခဲ့သည်။ အစိုးရ စာမေးပွဲ ငယ်-လတ်-ကြီးနှင့် စာချတန်း(ဂုဏ်ထူး) ပါ အောင်မြင်ခဲ့သည်။

စစ်ကိုင်းတောင်ရိုး၊ တောင်ရေဦး အနောက်တိုက်ကြီး၌ စာပေများပို့ချခဲ့သည်။ ၁၃၂၄-ခုနှစ်တွင် ၀က်လက်မြို့နယ် ပိတောက်ချုံနှင့် ရွာသစ်ရွာ ၂-ရွာ ဆိုင်ရာ သန့်စင်ကျောင်းတွင် ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် သီတင်းသုံး၍ သာသနာ့ဝန်ကို ထမ်းဆောင်ခဲ့သည်။

ထို့နောက် စစ်ကိုင်းမြို့ ဆင်များရှင် သာသနာ့ရိပ်သာသို့ သွား၍ တရားအားထုတ်သည်။ ၁၃၂၅-ခုနှစ်တွင် ရန်ကုန်သာသနာ့ရိပ်သာသို့ ကြွရောက်၍ မဟာစည်ဆရာတော်ကြီးထံမှ သြ၀ါဒကို ခံယူကာ ၀ိပဿနာတရားကို ဆက်လက်အားထုတ်ခဲ့သည်။ ၁၃၂၆-ခုနှစ်တွင် မဟာစည်ဆရာတော်ဘုရားကြီးက လက်ထောက်ကမ္မဋ္ဌာနာ စရိယ တာဝန်ကို ပေးအပ်ခဲ့သည်။ မဟာစည် ဓမ္မကထိကအဖွဲ့ဝင်အဖြစ်ဖြင့် နယ်လှည့်၍လည်း တရားဟော ခဲ့သည်။

မဟာစည်ဆရာတော်ဘုရားကြီး၏ စီမံချက်အရ ဆရာတော်ကြီး ဦးသံဝရသည် မန္တလေးမြို့ စိန်ပန်းရပ် ရတနာပုံ သာသနာ့ရိပ်သာ၊ မော်လမြိုင်မြို့ တောင်ဝိုင်းကလေး သာသနာ့ရိပ်သာ စသည်တို့တွင် သီတင်းသုံး၍ ၀ိပဿနာတရားများကို ညွှန်ပြပို့ချခဲ့သည်။

မဟာစည်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူသောအခါ ရန်ကုန်၊ မဟာစည် သာသနာ့ရိပ်သာတွင် အမြဲသီတင်းသုံး၍ ပဓာနနာယက သြ၀ါဒါစရိယ ဆရာတော် ( ၁ ) အဖြစ် ဆောင်ရွက်တော်မူလျက် ရှိသည်။ ဆရာတော်ကြီး ဦးသံဝရအား နိုင်ငံတော်အစိုးရက အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းခဲ့သည်။


Posted via Blogaway

0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ။ကွန်မင့်ရေးသားထားခဲ့ ဖို့ မေတ္တာရပ်ခံပါတယ်

အရှင်ယဿ(လယ်တီ)